UMG Group of Companies မှ Engineering နှင့်သက်ဆိုင်သော ကျောင်းသား၊ ကျောင်းသူများအတွက် 2010ခုနှစ်မှစတင်၍ Mechanic Career Development Programများကို ဖွင့်လှစ်သင်ကြားလျက်ရှိပြီး သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် အသီးသီးတွင် ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ အစိုးရစက်မှုလက်မှုသိပ္ပံ(ဝါးခယ်မ) ကျောင်းရှိ နောက်ဆုံးနှစ်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အတွက် UMG Company မှဦးဆောင်သင်ကြားပေးသည့် လုပ်ငန်းခွင်သင်တန်းများတက်ရောက်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက် အဆိုပါလက်တွေ့လုပ်ငန်းခွင် သင်တန်းအကြောင်းအား ၉.၇.၂၀၂၄ (အင်္ဂါ) မနက် (၁၀း၀၀)နာရီ တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ဝါးခယ်မ) ကျောင်း၌ ရှင်းပြဟောပြောခဲ့ပါသည်။

ဟောပြောပွဲပြီးသည့်အခါတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ဝါးခယ်မ)၏ ဒုတိယကျောင်းအုပ်ဆရာမကြီးမှကျေးဇူးတင်စကားပြောကြားပြီး UMG Companyမှလက်ဆောင်များပေးအပ်၍ တက်ရောက်လာသောကျောင်းသား၊ ကျောင်းသူများအား ကော်ဖီနှင့်မုန့်များကျွေးမွေးခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *